ကဗျာရေးသူနဲ့
ကဗျာဖတ်သူကြား
ကဗျာတွေ ခြားလာတယ်
ကဗျာရေးသူဟာကဗျာဆရာဖြစ်လာပြီး
ကဗျာဖတ်သူဟာကဗျာစားသုံးသူ
ကဗျာကို ကဗျာနဲ့ပို့ချ
ကဗျာကို ကဗျာနဲ့တော်လှန်
ကဗျာကို ကဗျာနဲ့ထုတ်လုပ်
အရှေ့၊အနောက်၊တောင်၊မြောက်၊အလယ်
အတိတ်၊ပစ္စုပန်၊အနာဂါတ်
ကဗျာတွေ စီးဆင်းခဲ့ကြတယ်
ကဗျာတွေ စီးဆင်းနေကြတယ်
ကဗျာတွေ စီးဆင်းတယ်
ကဗျာလို့ သိသာစေတဲ့ကဗျာ
ကဗျာလို့ မထင်ရတဲ့ကဗျာ
ကဗျာလို့ ဟန်ဆောင်ထားတဲ့ကဗျာ
ကဗျာမဟုတ်တဲ့ ကဗျာ
ကဗျာတွေကြားထဲမှာ ကဗျာဆိုတာ
မသိစိတ်နဲ့ကိုးကွယ်မိတဲ့
တတိယမြောက်ဘုရားသခင်။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment