Friday, December 31, 2010
၂၀၁၁
မင်္ဂလာရှိသောနှစ်သစ်ပါ။စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Friday, December 24, 2010
ကဗ်ာ
ကဗျာရေးသူနဲ့
ကဗျာဖတ်သူကြား
ကဗျာတွေ ခြားလာတယ်
ကဗျာရေးသူဟာကဗျာဆရာဖြစ်လာပြီး
ကဗျာဖတ်သူဟာကဗျာစားသုံးသူ
ကဗျာကို ကဗျာနဲ့ပို့ချ
ကဗျာကို ကဗျာနဲ့တော်လှန်
ကဗျာကို ကဗျာနဲ့ထုတ်လုပ်
အရှေ့၊အနောက်၊တောင်၊မြောက်၊အလယ်
အတိတ်၊ပစ္စုပန်၊အနာဂါတ်
ကဗျာတွေ စီးဆင်းခဲ့ကြတယ်
ကဗျာတွေ စီးဆင်းနေကြတယ်
ကဗျာတွေ စီးဆင်းတယ်
ကဗျာလို့ သိသာစေတဲ့ကဗျာ
ကဗျာလို့ မထင်ရတဲ့ကဗျာ
ကဗျာလို့ ဟန်ဆောင်ထားတဲ့ကဗျာ
ကဗျာမဟုတ်တဲ့ ကဗျာ
ကဗျာတွေကြားထဲမှာ ကဗျာဆိုတာ
မသိစိတ်နဲ့ကိုးကွယ်မိတဲ့
တတိယမြောက်ဘုရားသခင်။ ။
ကဗျာဖတ်သူကြား
ကဗျာတွေ ခြားလာတယ်
ကဗျာရေးသူဟာကဗျာဆရာဖြစ်လာပြီး
ကဗျာဖတ်သူဟာကဗျာစားသုံးသူ
ကဗျာကို ကဗျာနဲ့ပို့ချ
ကဗျာကို ကဗျာနဲ့တော်လှန်
ကဗျာကို ကဗျာနဲ့ထုတ်လုပ်
အရှေ့၊အနောက်၊တောင်၊မြောက်၊အလယ်
အတိတ်၊ပစ္စုပန်၊အနာဂါတ်
ကဗျာတွေ စီးဆင်းခဲ့ကြတယ်
ကဗျာတွေ စီးဆင်းနေကြတယ်
ကဗျာတွေ စီးဆင်းတယ်
ကဗျာလို့ သိသာစေတဲ့ကဗျာ
ကဗျာလို့ မထင်ရတဲ့ကဗျာ
ကဗျာလို့ ဟန်ဆောင်ထားတဲ့ကဗျာ
ကဗျာမဟုတ်တဲ့ ကဗျာ
ကဗျာတွေကြားထဲမှာ ကဗျာဆိုတာ
မသိစိတ်နဲ့ကိုးကွယ်မိတဲ့
တတိယမြောက်ဘုရားသခင်။ ။
Labels:
ကဗျာ
Wednesday, December 22, 2010
မင်းကိုနိုင်(နောက်ကြည့်မှန်)
ဧရာဝတီမှာ ကိုမင်းကိုနိုင်ရဲ့ နောက်ကြည့်မှန်စာအုပ်အကြောင်း ဖတ်မိကတည်းက ဒီစာအုပ်ကို စိတ်ဝင်စားခဲ့တယ်။နေ့သစ်ကနေလားမသိ ဒေါင်းလုပ်ရလို့ ဖတ်ခွင့်ရခဲ့တယ်။အရင်ကွန်ပြူတာကို ရောင်းလိုက်တော့ စာအုပ်တွေအကုန်ပါသွားခဲ့တယ်။အခုကွန်ပြူတာလေးထဲကို ကိုယ်ကြိုက်တဲ့စာအုပ်တွေ မှတ်မိသလောက်ပြန်ဖြည့်ရင်းနဲ့ နောက်ကြည့်မှန်စာအုပ်ကို နေ့သစ်ကနေ ပြန်ရခဲ့တယ်။အထွေအထူးတော့ မဟုတ်ပါဘူး။စာအုပ်ထဲကအကြောင်းတွေလည်း မပြောပါဘူး။မဖတ်ရသေးသောသူများ စိတ်ဝင်စားရင် ဖတ်လို့ရအောင် ပြန်လည်မျှဝေပေးခြင်းပါ။
ဒီနေရာမှာ သွားရောက်ဖတ်ရှု ဒေါင်းလုတ်ယူနိုင်ပါတယ်။
ဒီနေရာမှာ သွားရောက်ဖတ်ရှု ဒေါင်းလုတ်ယူနိုင်ပါတယ်။
Labels:
မျှဝေခြင်း
Tuesday, December 21, 2010
ဖတ်မိခဲ့သမျှ တက္ကသိုလ်ဘုန်းနိုင်
ဖွဲ့နွဲ့လွန်း
ကဗျာ၊ဂီတ အသားပေး
နိုင်ငံရေးသဘောတရားများ
စိတ်ပညာ
ဇာတ်ဆောင်သည် ပညာတတ်၊အနုပညာရှင်
ငယ်ဘဝဇာတ်လမ်းများ
ဇာတ်ဆောင်သည် စစ်မှုထမ်းဘူး
ဂေါ့ဖ်ကစားခြင်း
အများအားဖြင့် အလွမ်းဇာတ်
ဝဿန်လေချိန်မှန်ကူးနှင့်နွေကန္တာဦး
ဇာတ်လမ်းကျောရိုး၊ဇာတ်ဆောင်တူ
ဘာရယ်တော့မဟုတ်ပါဘူး။
ကျနော်စာဖတ်တဲ့အခါ စာရေးဆရာတယောက်ကို လက်လှမ်းမှီသမျှ တထိုင်တည်းဖတ်လေ့ရှိတယ်။
လေး၊ငါးအုပ်လောက် ဆက်တိုက်ဖတ်ပြီး စိတ်ငြီးလာတော့မှ တခြားပေါ့ပေါ့ပါးပါးလေး တအုပ်တလေ
ဖတ်လေ့ရှိတယ်။ပြီးတော့မှ မူလဖတ်နေတဲ့ စာရေးဆရာရဲ့စာအုပ်တွေ ပြန်ဖတ်တယ်။
ဘာကောင်းတယ်၊ဘာဆိုးတယ်ဆိုတာတော့ မပြောတတ်ပါဘူး။ကျနော့်အတွက် အရသာပိုရှိလို့
ထိုကဲ့သို့ဖတ်မိခြင်းဖြစ်တယ်။
တခါတလေကျတော့ ဖတ်နေရင်းနဲ့မှ ဒီဇာတ်ကောင်။ဒီဇာတ်ကျောရိုးများနဲ့ မတူတဲ့ဇာတ်လမ်းများကို
သတိထားမိတယ်။ပမာအားဖြင့်တော့ ခင်နှင်းယုရဲ့ မွှေး။၅အုပ်လောက်တော့ ရှိမယ်။မွှေး၊ကျနော်တင်
အောင်ထွန်း၊ကုသိုလ်ကြမ္မာမမှီပါခဲ့၊နောက်၂အုပ်နာမည်ကတော့ မေ့နေပါပြီ။ဖတ်ဆဲကာလမှာ
မှတ်ထားရင်မှတ်ထား မမှတ်ထားမိလို့ကတော့ မေ့လျော့တတ်တာ ကျနော့်အားနည်းချက်ပါ။
ခုလည်းမှတ်မှတ်ရရလေးအနေနဲ့ ရေးဖြစ်လိုက်ပါတယ်။ကျနော်သတိမပြုမိသော၊မေ့လျော့ခဲ့သော
ဦးစားမပေးခဲ့သော အကြောင်းအရာများလည်း ရှိပါလိမ့်မယ်။ဖတ်ရှုမိသူများကနေပြီးတော့ ကျနော့်ကို
လိုအပ်ချက်ကလေးများ ပြောခဲ့ပေးပါ။
ကဗျာ၊ဂီတ အသားပေး
နိုင်ငံရေးသဘောတရားများ
စိတ်ပညာ
ဇာတ်ဆောင်သည် ပညာတတ်၊အနုပညာရှင်
ငယ်ဘဝဇာတ်လမ်းများ
ဇာတ်ဆောင်သည် စစ်မှုထမ်းဘူး
ဂေါ့ဖ်ကစားခြင်း
အများအားဖြင့် အလွမ်းဇာတ်
ဝဿန်လေချိန်မှန်ကူးနှင့်နွေကန္တာဦး
ဇာတ်လမ်းကျောရိုး၊ဇာတ်ဆောင်တူ
ဘာရယ်တော့မဟုတ်ပါဘူး။
ကျနော်စာဖတ်တဲ့အခါ စာရေးဆရာတယောက်ကို လက်လှမ်းမှီသမျှ တထိုင်တည်းဖတ်လေ့ရှိတယ်။
လေး၊ငါးအုပ်လောက် ဆက်တိုက်ဖတ်ပြီး စိတ်ငြီးလာတော့မှ တခြားပေါ့ပေါ့ပါးပါးလေး တအုပ်တလေ
ဖတ်လေ့ရှိတယ်။ပြီးတော့မှ မူလဖတ်နေတဲ့ စာရေးဆရာရဲ့စာအုပ်တွေ ပြန်ဖတ်တယ်။
ဘာကောင်းတယ်၊ဘာဆိုးတယ်ဆိုတာတော့ မပြောတတ်ပါဘူး။ကျနော့်အတွက် အရသာပိုရှိလို့
ထိုကဲ့သို့ဖတ်မိခြင်းဖြစ်တယ်။
တခါတလေကျတော့ ဖတ်နေရင်းနဲ့မှ ဒီဇာတ်ကောင်။ဒီဇာတ်ကျောရိုးများနဲ့ မတူတဲ့ဇာတ်လမ်းများကို
သတိထားမိတယ်။ပမာအားဖြင့်တော့ ခင်နှင်းယုရဲ့ မွှေး။၅အုပ်လောက်တော့ ရှိမယ်။မွှေး၊ကျနော်တင်
အောင်ထွန်း၊ကုသိုလ်ကြမ္မာမမှီပါခဲ့၊နောက်၂အုပ်နာမည်ကတော့ မေ့နေပါပြီ။ဖတ်ဆဲကာလမှာ
မှတ်ထားရင်မှတ်ထား မမှတ်ထားမိလို့ကတော့ မေ့လျော့တတ်တာ ကျနော့်အားနည်းချက်ပါ။
ခုလည်းမှတ်မှတ်ရရလေးအနေနဲ့ ရေးဖြစ်လိုက်ပါတယ်။ကျနော်သတိမပြုမိသော၊မေ့လျော့ခဲ့သော
ဦးစားမပေးခဲ့သော အကြောင်းအရာများလည်း ရှိပါလိမ့်မယ်။ဖတ်ရှုမိသူများကနေပြီးတော့ ကျနော့်ကို
လိုအပ်ချက်ကလေးများ ပြောခဲ့ပေးပါ။
Labels:
အမှတ်တရ
Thursday, December 16, 2010
သို့...ပေါ်လီယာနာ
ဒီနေ့ဟာ မနက်ဖန်မဟုတ်သေးတဲ့အတွက်
ဝမ်းသာရပါတယ်
တနေ့ကိုထမင်း၂နပ် စားနေရသေးတဲ့အတွက်
ဝမ်းသာရပါတယ်
အဖေ၊အမေခေါ်စရာ ရှိနေသေးတဲ့အတွက်
ဝမ်းသာရပါတယ်
အကိုနဲ့ညီ ရှိနေသေးတဲ့အတွက်
ဝမ်းသာရပါတယ်
မိသားစုကို ကြည့်ရှုနိုင်နေသေးတဲ့အတွက်
ဝမ်းသာရပါတယ်
ဝင်ငွေရမယ့်အလုပ် ရှိနေသေးတဲ့အတွက်
ဝမ်းသာရပါတယ်
စာရေး၊စာဖတ် နိုင်နေသေးတဲ့အတွက်
ဝမ်းသာရပါတယ်
ကျနော်ဟာ ကျနော်ဖြစ်နေခြင်းအတွက်
ဝမ်းသာရပါတယ်။ ။
မှတ်ချက်။ ။အချိန်ပေးပြီး ဖတ်ရှုတဲ့အတွက်လည်း ဝမ်းသာရပါတယ်။
ဝမ်းသာရပါတယ်
တနေ့ကိုထမင်း၂နပ် စားနေရသေးတဲ့အတွက်
ဝမ်းသာရပါတယ်
အဖေ၊အမေခေါ်စရာ ရှိနေသေးတဲ့အတွက်
ဝမ်းသာရပါတယ်
အကိုနဲ့ညီ ရှိနေသေးတဲ့အတွက်
ဝမ်းသာရပါတယ်
မိသားစုကို ကြည့်ရှုနိုင်နေသေးတဲ့အတွက်
ဝမ်းသာရပါတယ်
ဝင်ငွေရမယ့်အလုပ် ရှိနေသေးတဲ့အတွက်
ဝမ်းသာရပါတယ်
စာရေး၊စာဖတ် နိုင်နေသေးတဲ့အတွက်
ဝမ်းသာရပါတယ်
ကျနော်ဟာ ကျနော်ဖြစ်နေခြင်းအတွက်
ဝမ်းသာရပါတယ်။ ။
မှတ်ချက်။ ။အချိန်ပေးပြီး ဖတ်ရှုတဲ့အတွက်လည်း ဝမ်းသာရပါတယ်။
Labels:
ကဗျာ
Thursday, December 9, 2010
တဝက်ကဗျာ
ပန်းခရေပါမေ
နွမ်းလို့နေပေမယ့်
ရနံ့ရယ်ကမပြေ။
ပန်းခရေပါမေ
အဖိုးနည်းပေမယ့်
ရိုးရိုးသားသားမွှေးတယ်။
ပန်းခရေပါမေ
အကြွေပန်းပေမယ့်
သံယောဇဉ်တွေနဲ့သီခဲ့ပါတယ်။ ။
ဒီကဗျာကို ဆက်ရေးမယ်ဆိုရင် ဘယ်လိုအဆင်နဲ့ ဆက်ရေးရေးရပေမယ့် ဒီမှာတင် တမင်ရပ်ခဲ့ပါတယ်။
ကဗျာဖတ်တဲ့သူအတွက် ကိုယ့်ခံစားချက်နဲ့ ကိုယ်အဆုံးသတ်လို့ရအောင် ဖြစ်ပါတယ်။
နွမ်းလို့နေပေမယ့်
ရနံ့ရယ်ကမပြေ။
ပန်းခရေပါမေ
အဖိုးနည်းပေမယ့်
ရိုးရိုးသားသားမွှေးတယ်။
ပန်းခရေပါမေ
အကြွေပန်းပေမယ့်
သံယောဇဉ်တွေနဲ့သီခဲ့ပါတယ်။ ။
ဒီကဗျာကို ဆက်ရေးမယ်ဆိုရင် ဘယ်လိုအဆင်နဲ့ ဆက်ရေးရေးရပေမယ့် ဒီမှာတင် တမင်ရပ်ခဲ့ပါတယ်။
ကဗျာဖတ်တဲ့သူအတွက် ကိုယ့်ခံစားချက်နဲ့ ကိုယ်အဆုံးသတ်လို့ရအောင် ဖြစ်ပါတယ်။
Labels:
ကဗျာ
Monday, December 6, 2010
ဘဝကိုငြီးငွေ့ရခြင်း၏ ဒုတိယအကြောင်းအရာ
မတူညီတဲ့ ယဉ်ကျေးမှုတွေကြားထဲမှာ
ငါရှိတယ်
မစွန့်လွတ်နိုင်တဲ့ စိတ်ဓါတ်အဟောင်းတွေနဲ့
ငါသိတယ်
မျှော်လင့်ထားသလိုတွေ ဖြစ်မလာတဲ့အခါ
ငါငြိတယ်
ဘဝဟာ ငြီးလွယ်ငွေ့လွယ်
ငါဘယ်လိုအဆုံးသတ်မလဲ။ ။
ငါရှိတယ်
မစွန့်လွတ်နိုင်တဲ့ စိတ်ဓါတ်အဟောင်းတွေနဲ့
ငါသိတယ်
မျှော်လင့်ထားသလိုတွေ ဖြစ်မလာတဲ့အခါ
ငါငြိတယ်
ဘဝဟာ ငြီးလွယ်ငွေ့လွယ်
ငါဘယ်လိုအဆုံးသတ်မလဲ။ ။
Labels:
ကဗျာ
Sunday, December 5, 2010
ဘဝကိုငြီးငွေ့ရခြင်း၏ ပထမအကြောင်းအရာ
အသံတွေ ကြားတယ်
နှလုံးခုန်သံတွေ ကြားနေရတယ်
သွေးခုန်သံတွေ ကြားနေရတယ်
ပတ်ဝန်းကျင်ကအသံတွေ ကြားနေရတယ်
စိတ်ကိုနှာသီးဝ ရွှေ့တယ်
စိတ်ကနှာသီးဝကနေ ရွေ့တယ်
စိတ်က အတိတ်ကိုသွားတယ်
စိတ်က အနာဂါတ်ကိုမှန်းတယ်
စိတ်ကိုငြိမ်အောင်စုတယ်
ငြိမ်အောင်စုလေ စိတ်ကထကြွလေ
ပြေးတယ် လိုက်တယ်
အလိုမကျတော့ ဒေါသကဖြစ်တယ်
စိတ်ကိုလျော့တယ်
စိတ်က သီချင်းဆို
စိတ်က ကဗျာစပ်
စိတ်က ရုပ်ရှင်ရိုက်
စိတ်က စာသားတွေ
သိနေသလိုလိုမှာ သတိကပ်လိုက်ရင်
ကြားနေသလိုလိုမှာ အာရုံစိုက်မိရင်
မြင်နေသလိုလိုမှာ ကြည့်လိုက်မိရင်
ရှေ့စိတ် နောက်စိတ် အလယ်စိတ်
စိတ်နဲ့စိတ် ပဋိပက္ခကြားမှာ
အမှောင်တွေ သိပ်မကျန်တော့ဘူး
အလင်းတွေ နေရာယူကုန်ပြီ
ညက မနက်ဆီအသွားမှာ
စိတ်ကအိပ်ရင် မျက်စိကမအိပ်ဘူး
မျက်စိကအိပ်ရင် စိတ်ကမအိပ်ဘူး
လက်နှစ်ဘက်ကို ဘယ်မှာထားရမှန်းမသိဘူး
နားရွက်နှစ်ဘက်ကို ဘယ်မှာထားရမှန်းမသိဘူး
ကိုယ့်ကိုကိုယ် ဘယ်မှာထားရမှန်းမသိဘူး။ ။
နှလုံးခုန်သံတွေ ကြားနေရတယ်
သွေးခုန်သံတွေ ကြားနေရတယ်
ပတ်ဝန်းကျင်ကအသံတွေ ကြားနေရတယ်
စိတ်ကိုနှာသီးဝ ရွှေ့တယ်
စိတ်ကနှာသီးဝကနေ ရွေ့တယ်
စိတ်က အတိတ်ကိုသွားတယ်
စိတ်က အနာဂါတ်ကိုမှန်းတယ်
စိတ်ကိုငြိမ်အောင်စုတယ်
ငြိမ်အောင်စုလေ စိတ်ကထကြွလေ
ပြေးတယ် လိုက်တယ်
အလိုမကျတော့ ဒေါသကဖြစ်တယ်
စိတ်ကိုလျော့တယ်
စိတ်က သီချင်းဆို
စိတ်က ကဗျာစပ်
စိတ်က ရုပ်ရှင်ရိုက်
စိတ်က စာသားတွေ
သိနေသလိုလိုမှာ သတိကပ်လိုက်ရင်
ကြားနေသလိုလိုမှာ အာရုံစိုက်မိရင်
မြင်နေသလိုလိုမှာ ကြည့်လိုက်မိရင်
ရှေ့စိတ် နောက်စိတ် အလယ်စိတ်
စိတ်နဲ့စိတ် ပဋိပက္ခကြားမှာ
အမှောင်တွေ သိပ်မကျန်တော့ဘူး
အလင်းတွေ နေရာယူကုန်ပြီ
ညက မနက်ဆီအသွားမှာ
စိတ်ကအိပ်ရင် မျက်စိကမအိပ်ဘူး
မျက်စိကအိပ်ရင် စိတ်ကမအိပ်ဘူး
လက်နှစ်ဘက်ကို ဘယ်မှာထားရမှန်းမသိဘူး
နားရွက်နှစ်ဘက်ကို ဘယ်မှာထားရမှန်းမသိဘူး
ကိုယ့်ကိုကိုယ် ဘယ်မှာထားရမှန်းမသိဘူး။ ။
Labels:
ကဗျာ
Monday, November 29, 2010
ငါမုန်းတဲ့ ဘဝ
အတွေးနည်းနည်းများသွားတဲ့ည
ငါမလင်းစေချင်တဲ့မနက်ခင်း
သက်ပြင်းနဲ့အတူအိပ်ရာထတယ်
ပုံမှန်အတိုင်းပါပဲ
မကြည်လင်တဲ့အမြင်တွေနဲ့
မြင်လေသမျှဟာစိတ်ပျက်ငြီးငွေ့ဖွယ်
လုပ်ရိုးလုပ်စဉ်အလုပ်တွေလုပ်တယ်
ပြောနေကျစကားတွေကြားတယ်
မဆာပေမယ့်လည်းစားချိန်စားခဲ့တယ်
ဘယ်မှာလဲငါ့အတွက်ပျော်ရွှင်မှုတွေ
ဆာလောင်မှုတွေနဲ့ငါ့နှလုံးသားဟာငတ်မွတ်
ငါ့အထင်ပြောရရင်ငြီးငွေ့နေတဲ့ငါ
ငါ့ကိုယ်ငါသတ်သေတာပဲကောင်းမယ်
စိတ်နဲ့ရုပ်နဲ့အဆင်မပြေဘူး
ဘယ်နဲ့ညာနဲ့အချိတ်အဆက်မမိဘူး
ကိုယ့်ကိုကိုယ်မသတီဘူး
ငါ့ရဲ့အတွေးတွေအဆိပ်သင့်
ကိုယ့်ကိုကိုယ်ကျိန်စာတိုက်နေမိတယ်
ဆုပ်လို့လည်းစူးစားလို့လည်းရူး
ငါဟာရူးနေတဲ့ကောင်
ဦးနှောက်ထဲမလိုအပ်တာတွေထည့်ထားတဲ့ကောင်
အချိန်မှားနေရာမှားနေတဲ့ကောင်
ခံစားချက်တွေသေနေတဲ့ကောင်
အိပ်မက်ထဲအိပ်မက်ပြန်မက်တဲ့ကောင်
ယုံကြည်ချက်တွေပျောက်ဆုံးနေတဲ့ကောင်
အနာဂါတ်မရှိတဲ့ကောင်
လူမုန်းများတဲ့ကောင်
အလင်းပျောက်နေတဲ့ကောင်
အသိတွေကန်းနေတဲ့ကောင်
စိတ်မပါပဲအိပ်ရာဝင်ခဲ့တယ်
အာရုံမှာအလိုလိုထင်တဲ့အမြင်တွေနဲ့
မနက်ခင်းဟာအလိုမတူပဲလင်းခဲ့။ ။
လွန်ခဲ့တဲ့ ၂နှစ်လောက်က ရေးထားတဲ့ကဗျာဆိုပါတော့။
ကျနော်ဟာ ဝေဒနာဝေမျှသူ ဖြစ်နေမလားပဲ။
ဒီစိတ်ခံစားချက်တွေက အမြဲလိုလို။
ငါမလင်းစေချင်တဲ့မနက်ခင်း
သက်ပြင်းနဲ့အတူအိပ်ရာထတယ်
ပုံမှန်အတိုင်းပါပဲ
မကြည်လင်တဲ့အမြင်တွေနဲ့
မြင်လေသမျှဟာစိတ်ပျက်ငြီးငွေ့ဖွယ်
လုပ်ရိုးလုပ်စဉ်အလုပ်တွေလုပ်တယ်
ပြောနေကျစကားတွေကြားတယ်
မဆာပေမယ့်လည်းစားချိန်စားခဲ့တယ်
ဘယ်မှာလဲငါ့အတွက်ပျော်ရွှင်မှုတွေ
ဆာလောင်မှုတွေနဲ့ငါ့နှလုံးသားဟာငတ်မွတ်
ငါ့အထင်ပြောရရင်ငြီးငွေ့နေတဲ့ငါ
ငါ့ကိုယ်ငါသတ်သေတာပဲကောင်းမယ်
စိတ်နဲ့ရုပ်နဲ့အဆင်မပြေဘူး
ဘယ်နဲ့ညာနဲ့အချိတ်အဆက်မမိဘူး
ကိုယ့်ကိုကိုယ်မသတီဘူး
ငါ့ရဲ့အတွေးတွေအဆိပ်သင့်
ကိုယ့်ကိုကိုယ်ကျိန်စာတိုက်နေမိတယ်
ဆုပ်လို့လည်းစူးစားလို့လည်းရူး
ငါဟာရူးနေတဲ့ကောင်
ဦးနှောက်ထဲမလိုအပ်တာတွေထည့်ထားတဲ့ကောင်
အချိန်မှားနေရာမှားနေတဲ့ကောင်
ခံစားချက်တွေသေနေတဲ့ကောင်
အိပ်မက်ထဲအိပ်မက်ပြန်မက်တဲ့ကောင်
ယုံကြည်ချက်တွေပျောက်ဆုံးနေတဲ့ကောင်
အနာဂါတ်မရှိတဲ့ကောင်
လူမုန်းများတဲ့ကောင်
အလင်းပျောက်နေတဲ့ကောင်
အသိတွေကန်းနေတဲ့ကောင်
စိတ်မပါပဲအိပ်ရာဝင်ခဲ့တယ်
အာရုံမှာအလိုလိုထင်တဲ့အမြင်တွေနဲ့
မနက်ခင်းဟာအလိုမတူပဲလင်းခဲ့။ ။
လွန်ခဲ့တဲ့ ၂နှစ်လောက်က ရေးထားတဲ့ကဗျာဆိုပါတော့။
ကျနော်ဟာ ဝေဒနာဝေမျှသူ ဖြစ်နေမလားပဲ။
ဒီစိတ်ခံစားချက်တွေက အမြဲလိုလို။
Labels:
ကဗျာ
အသစ်တဖန်
မချစ်ရဲပါဘူးခင်
အရင်လူပေးတဲ့ဝေဒနာ
စိတ်ဒဏ်ရာတွေက
အသက်ပါလွန်းခဲ့တော့လည်း
သည်မောင်ရင်မှာနောက်ထပ်
မချစ်ရဲဘူး...ခင်။
မဝံ့မရဲပါပဲခင်
ခင့်အနားကိုသွား
ခင်မသိအောင်ကြည့်
ခင်မိတော့လည်း
သည်မောင်က ရှက်ချင်သူပါ။
ဒီရင်ကို ဖြတ်သန်းကြည့်ပါခင်
မျိုသိပ်ထိန်းချုပ်နေရင်းနဲ့မှ
နှလုံးသားက အရိုင်းဆန်ချင်နေတုန်းပါ။
နားလည်ပေးပါခင်
မငယ်တော့တဲ့အရွယ်မို့
တွေဝေမိနေသူပါ။
မချစ်ရဲပေမယ့်
ချစ်အားပိုလာတော့လည်း
ခင်ရယ်
ရွှေစိတ်တော်ညို
အလိုမကျမှာကို စိုးလှပေမယ့်
ဖွင့်ဟလို့ ပြောပါရစေ။
ချစ်တယ်ခင်။ ။
အရင်လူပေးတဲ့ဝေဒနာ
စိတ်ဒဏ်ရာတွေက
အသက်ပါလွန်းခဲ့တော့လည်း
သည်မောင်ရင်မှာနောက်ထပ်
မချစ်ရဲဘူး...ခင်။
မဝံ့မရဲပါပဲခင်
ခင့်အနားကိုသွား
ခင်မသိအောင်ကြည့်
ခင်မိတော့လည်း
သည်မောင်က ရှက်ချင်သူပါ။
ဒီရင်ကို ဖြတ်သန်းကြည့်ပါခင်
မျိုသိပ်ထိန်းချုပ်နေရင်းနဲ့မှ
နှလုံးသားက အရိုင်းဆန်ချင်နေတုန်းပါ။
နားလည်ပေးပါခင်
မငယ်တော့တဲ့အရွယ်မို့
တွေဝေမိနေသူပါ။
မချစ်ရဲပေမယ့်
ချစ်အားပိုလာတော့လည်း
ခင်ရယ်
ရွှေစိတ်တော်ညို
အလိုမကျမှာကို စိုးလှပေမယ့်
ဖွင့်ဟလို့ ပြောပါရစေ။
ချစ်တယ်ခင်။ ။
Labels:
ကဗျာ
Subscribe to:
Posts (Atom)