Thursday, December 16, 2010

သို့...ပေါ်လီယာနာ

ဒီနေ့ဟာ မနက်ဖန်မဟုတ်သေးတဲ့အတွက်
ဝမ်းသာရပါတယ်
တနေ့ကိုထမင်း၂နပ် စားနေရသေးတဲ့အတွက်
ဝမ်းသာရပါတယ်
အဖေ၊အမေခေါ်စရာ ရှိနေသေးတဲ့အတွက်
ဝမ်းသာရပါတယ်
အကိုနဲ့ညီ ရှိနေသေးတဲ့အတွက်
ဝမ်းသာရပါတယ်
မိသားစုကို ကြည့်ရှုနိုင်နေသေးတဲ့အတွက်
ဝမ်းသာရပါတယ်
ဝင်ငွေရမယ့်အလုပ် ရှိနေသေးတဲ့အတွက်
ဝမ်းသာရပါတယ်
စာရေး၊စာဖတ် နိုင်နေသေးတဲ့အတွက်
ဝမ်းသာရပါတယ်
ကျနော်ဟာ ကျနော်ဖြစ်နေခြင်းအတွက်
ဝမ်းသာရပါတယ်။   ။

မှတ်ချက်။   ။အချိန်ပေးပြီး ဖတ်ရှုတဲ့အတွက်လည်း ဝမ်းသာရပါတယ်။ 

3 comments:

PAUK said...

အခုတော့လဲ..
ဟုတ်နေတာပဲ..။

ဒီကဗျာ ဖတ်ခွင့်ရတဲ့အတွက်..
ဝမ်းသာရပါတယ်..။
အခုလို ကွန်မန့်ခွင့်ရတဲ့အတွက်
ဝမ်းသာရပါတယ်...။

Anonymous said...

ဘာမှမဟုတ်။ ပေါ်လီယာနာကို ဆွဲထည့်လိုက်တာ..

metalman said...

ဟုတ်ကဲ့ ဘာရယ်ညာရယ် မဟုတ်ဘူး ဝမ်းသာပါတယ် :D