ဖြစ်ချင်တာတွေ ဖြစ်သင့်တာတွေ ဖြစ်သွားတာတွေ
အားလုံးဟာပြီးခဲ့ပြီ
မောဟတွေနဲ့ ကိုယ့်ကိုကိုယ် မပင်ပန်းချင်တော့ဘူး
ရိုးရိုးလေးတွေးမယ် ရိုးရိုးလေးမြင်ကြည့်မယ်
ဘဝကို ရိုးရိုးသားသားပဲဖြတ်သန်း
နေတတ်ဖို့ သေတတ်ဖို့
ပြီးတော့ လူဖြစ်ရတာကို ကျေနပ်တတ်ဖို့
တနေ့ကိုထမင်း၂နပ်စားတယ်
အရှက်လုံတဲ့ အဝတ်ဝတ်တယ်
ကျောခင်းစရာ တနေရာရှိတယ်
သင့်တင့်တဲ့ အလုပ်တခုရှိတယ်
ကိုယ့်ကို ချစ်တဲ့သူတွေရှိတယ်
ကိုယ်က ချစ်တဲ့သူတွေရှိတယ်
ကိုယ်တတ်နိုင်သလောက် လောကကောင်းကျိုးပြုမယ်
ဒီလောက်ပါပဲ
ဘဝဟာ ဒီလောက်ပဲ။ ။
Tuesday, November 16, 2010
Subscribe to:
Post Comments (Atom)
1 comment:
ပိုက်ဆံအိတ်တော့ဝယ်ရမှ ဖြစ်မယ။်
Post a Comment