ဘဝကိုတည်ဆောက်နေရင်း
အချစ်ကိုခဏမေ့ထားခဲ့တယ်
သတိရမိတဲ့အချိန်မှာ
ညီမလေးက ကိုယ့်အနားမှာ။
မချစ်တတ်ခဲ့တာမဟုတ်ပါဘူးကွယ်
ကိုယ်မချစ်ရက်ခဲ့တာပါ
ကိုယ့်ရဲ့ဘဝကြမ်းကြမ်းထဲ
ညီမလေးရဲ့ဘဝနွမ်းမှာ စိုးတယ်။
အချစ်ကို ကိုးကွယ်ရအောင်လည်း
အသက်အစိတ်ဆိုတဲ့အရွယ်က
အသက်၂၀လောက်တော့
ရင်ခုန်သံတွေ မနူးညံ့နိုင်တော့ဘူးကွယ်။
သုခတဝက်ကို ဝေမျှချင်ပေမယ့်ကွယ်
ဒုက္ခတဝက်ကိုတော့ မခွဲဝေချင်ဘူး
ကိုယ့်ကိုကိုယ်တောင်မှ မပိုင်တဲ့ဘဝမှာ
နောက်ထပ်ဘဝတွေကိုလည်း မချည်နှောင်ချင်ဘူး။
အချစ်မရှိတဲ့သူမဟုတ်ပါဘူးကွယ်
အချစ်မသိချင်တဲ့သူပါ
ရင်ထဲမှာ အချစ်ရှိပေမယ့်
အချစ်တွေ အပြစ်ဖြစ်သွားမှာ ကြောက်တယ်။
နားလည်ပေးပါ ညီမလေးရယ်
ရက်စက်တာမဟုတ်ပါဘူး
ပြတ်သားရမယ့် အခြေအနေမှာ
ဘယ်လိုကြိုးတွေကိုမှ မချည်နှောင်ချင်ဘူး
ကိုယ့်ရဲ့ဘဝက ကြမ်းတယ်ကွယ့်။
လာခဲ့ပါလို့ မခေါ်ခဲ့မိပေမယ့်
ပြန်ပါတော့လို့လည်း မနှင်ရက်ဘူး
ဒါပေမယ့် ညီမလေးရယ်
နှလုံးသားကိုတော့ သော့ခတ်ထားပါရစေ။ ။
Subscribe to:
Post Comments (Atom)
2 comments:
မလာပါနဲ့ သီချင်းတွဲတင်လိုက်တာမဟုတ်ဘူး..။
ကဗျာဖတ်ပြီး ရေးသူကို အမြင်မကြည်ဘူး။
ဟိဟိ
ပေါက်
ကောင်းလိုက်တဲ့...ကဗျာပါ
စာရေးသူ...
အရမ်းကို ကြိုက်မိပါတယ်..
ရေးထားတာလေးက နူးညံ့လွန်းတယ်...
တန်ဖိုးထားမှုကလည်း ပ်ါလွင်နေတယ်..:)
တကယ်ကို မေတ္တာထူထူ ရှိနေပြီဆိုရင်တော့
ညှိယူကြည့်ပါလားလို့ နော်...
အစစအရာရာ အဆင်ပြေပါစေ...
...ခင်မင်လျှက်...ခင်မာလာအောင်...:)
Post a Comment