Tuesday, October 19, 2010

ကြေးစား

လူခြင်းတူပေမယ့် အသက်ရှုကွဲတယ်အကို
ကျမတို့ဘဝတွေက ငတ်လို့ ပျက်ခဲ့ရတာပါ
နာမည်ရချင်လို့ ပျက်နေတာမဟုတ်ဘူး
တူတာလေးတွေတော့ ရှိမှာပေါ့အကို
အထက်တန်းစားကြေးစားနဲ့ ညဉ့်ငှက်
ကကြတဲ့ဇာတ်ခြင်းကတော့ အတူတူပါပဲ
လူတွေရဲ့အမြင်ကသာ ခွဲခြားကြတာ
ညဉ့်ငှက်ဆို အထင်သေးချင်ကြတယ်အကို
ဆန္ဒရှိမှသာ အာသာဖြေတတ်ကြတာ
မဟုတ်ရင်တော့ သိတဲ့အတိုင်းပဲလေ
အထက်တန်းစားကြေးစားတွေကတော့
လူချစ်ကြတယ်အကို
သူတို့ရဲ့ ကျော်ကြားမှုကို ကိုးကွယ်ကြတယ်
မျက်စိ/နား/ပါးစပ်သာ အရသာခံတတ်ကြတာ
အကိုသိပါတယ်လေ

 တကယ်တမ်းတော့ အကိုရယ်
ဘဝပေးမကောင်းလို့သာ လုပ်စားနေရတာပါ
အထက်တန်းစားကြေးစားတွေလိုတော့ စိတ်ပါ(သာယာ) လို့မဟုတ်ဘူး။   ။

1 comment:

Anonymous said...

(အထက်တန်းကြေးစားလည်း
ငွေလိုလို့ မဟုတ်လား..။
ကံမကောင်းတာချင်းတူတူ..
သူက ပိုကောင်းသွားလို့ပါ..။)
နောက်တခုစဉ်းစားမိတာပြောရမယ်ဆိုရင်..
ညဥ့်ငှက်တွေ ..အထက်တန်းကြေးစားတွေရဲ့
အလုပ်ကလည်း အလုပ်တစ်ခုပါပဲ...။
တစ်ချို့က ကံမကောင်းအကြောင်းမလှလို့
ဇွတ်တွန်းပို့ခံရပေမယ့်..
တချို့ကလည်း သူတို့ကိုယ်တိုင်ရွေးချယ်လိုက်တဲ့
လမ်းပဲ...။


ပေါက်
(ကဗျာကြောင့်.
စဉ်းစားမိတဲ့အတွေးတွေ အများကြီးပဲ..
ရင်ဘတ်ထဲမှာပဲ သိမ်းထားလိုက်တော့မယ်..
အဲ့..တချို့သော ဘလော့ဂါတွေနဲ့များတူနေမလား..
ဟားဟား)