ခူးခဲ့မှတော့ ခြွေရင်လည်းကြွေ
နမ်းရင်လည်းနွမ်း မနမ်းလည်းနွမ်း
ပန်းဆိုသည်မှာ ဘယ်မှာအစဉ်လန်းနိုင်ပါ့မည်လဲ
ချစ်ခဲ့ပြီးမှတော့ကွယ် ယုံမှတ်လို့ ဘဝကိုပုံအပ်ခဲ့တယ်
မင်းအနမ်းနဲ့ ဘဝကိုနွမ်း မင်းခြွေလို့ကြွေတဲ့ပန်းပါ
မင်းတန်ဖိုးထားသင့်တယ်
မပန်ချင်ရင် မခူးပါနဲ့
ခူးခဲ့မှတော့ ပန်ဆင်သင့်တယ်
ပန်းကြွေမျက်ရည် သံသရာသက်သေ
အသွေးယူယူ အသားယူယူ
အသက်ကိုပင် ကြည်ဖြူခဲ့သူပါ
ဆန်ဆုံလို့စား ကံကုန်တော့မှသွားရမှာလား
ထားခဲ့ရင်လည်း နေခဲ့ပါမယ်
ပြုဖူးတဲ့ကံ ဖြစ်တဲ့ဘဝ
ချစ်မိတဲ့သူမှာတော့...
သြော်...နွမ်းလျသည်းကြေ။ ။
Sunday, October 10, 2010
Subscribe to:
Post Comments (Atom)
2 comments:
အရှေ့တစ်ပုဒ်နဲ့ ခပ်ဆင်ဆင်..
ဒီတပုဒ် ပိုနာသလိုပဲ..။
မောင်စိန်ဝင်း(ပုတီးကုန်း)ရေးတဲ့
အကြွေပန်း ကို ဖတ်ဖူးလား..။
အကြွေပန်းပေမယ့်..
ရွှေနန်းတော့ ထိုက်ချင်တယ်..
.......
(ဆက်မရေးတတ်တော့ဘူး..
အလွတ်မရလို့..)
ပေါက်
ဟုတ်တယ်မကြီး။ဆင်ဆို တခါတည်းရေးတာကိုး။
ရင်မှာနာနေတဲ့အချိန်ပေါ့။အဆက်လို သဘောမျိုးတော့ မဟုတ်ပါဘူး။စိတ်ထဲမခံနိုင်လို့
ရေးလိုက်တာပါ။ကိုယ်သံယောစဉ်ရှိတဲ့
လူတယောက်အတွက်ပေါ့။
ဆရာမောင်စိန်ဝင်းရဲ့ ''အကြွေပန်း''ကို ဖတ်ခဲ့ဖူးပါတယ်။မှတ်တော့ မမှတ်မိတော့ပါဘူး။ရှိရင်ရှဲပေးပါလား။
Post a Comment