Tuesday, September 14, 2010

အစအနများ

ရှေ့နောက်ဆင်ခြင်တိုင်းထွာတတ်သော သတ္တဝါအား လူဟုခေါ်ကြသည်
ကျနော်သည် လူတယောက်ဖြစ်ပါသည်
ကျနော်လူဖြစ်ကြောင်းကို သင့်အားမပြောသော်လည်း သင်သိကောင်း သိပါလိမ့်မည်
ကျနော်သည် လူဖြစ်နေခြင်းကြောင့် လူလိုကျင့်သုံးပါသည်

လူသည် မျောက်မှဆင်းသက်လာသည်ဟု အဆိုရှိပါသည်
ထိုအဆိုအရဆိုပါသော် ကျနော်သည် လူဖြစ်ကာစ မျောက်တကောင်လည်း ဖြစ်နေနိုင်ပါသည်
လူသည် မျောက်မှဆင်းသက်လာသည်ဟူသော အဆိုကို လက်ခံပါလျှင်
လူမှနေ၍ ဘာဆက်ဖြစ်မည်ကို ကျနော်တို့တွေးသင့်ပါသည်
လောလောဆယ်တော့ ကိုယ့်ကိုကိုယ် လူဟု၍ပင် လက်သင့်ခံထားပါသည်

မည်သည့်လူမျှ မျောက်ဟူ၍ မပြောကြပါသော်လည်း
အကယ်၍ လိုအပ်လာသည့်တနေ့တွင် ကတ်ပြားတခုပေါ် လူ ဟူ၍ စာလုံးကြီးကြီးရေးကာ လည်ပင်းတွင် ချိတ်ဆွဲထားပါမည်
ကိုယ့်ကိုကိုယ်မှတ်မိနေစေရန်အတွက်တော့ မှန်ကိုမကြာခဏကြည့်ဖြစ်ပါသည်။   ။

1 comment:

khin oo may said...

အဲဒီတော့မျောက်တစ်ကောင်ကိုတွေ့သလား။