ကျမက မိကောင်းဖခင်သားသမီးပါအကို
အဲ့လိုမျက်လုံးတွေနဲ့ ကျမကိုမကြည့်ပါနဲ့
ကျမစိတ်ထဲ အလိုလိုမွန်းကျပ်တယ်
မပြောပါနဲ့ ရှင်ပြောမယ့်စကားတွေကို ကျမသိတယ်
ရှင့်စိတ်ထဲမှာ ဘာတွေတွေးနေလဲ ကျမသိတယ်
ရှင့်ခြေလှမ်းတွေ ဘယ်ကိုလှမ်းနေလဲ ကျမသိတယ်
သောက်ပါ၊စားပါ၊ပျော်ပါ၊ပါးပါ အကို
ရှင့်ရဲ့လက်တွေကိုတော့ တဆိတ်ငြိမ်ငြိမ်ထားပါ
ရုတ်ရုတ်ရက်ရက်ဆို ရှင့်ရဲ့မျက်နှာကို ကျမဆွဲကုတ်ပစ်လိုက်မယ်
သိပ်ပြီးတော့အခိုးတွေမထပါနဲ့ အင်္ကျီတွေကြေကုန်မယ်
ကျမက မိကောင်းဖခင်သားသမီးပါ
အဆင်ပြေလို့တော့ မဟုတ်ပါဘူး
ဒီလိုပါပဲ ဘဝတွေက ဒီလိုပါပဲ
ရရာစား၊ဝါးဝါးမျို၊ဝမ်းဝခါးလှ၊ချေးများနေလို့မှမဖြစ်တာ
ပျော်ချင်သူတွေအတွက် ဖျော်ဖြေရင်း
ငြီးငွေ့သူတွေအတွက် စိတ်ပြေလက်ပျောက်
ပေါ့ပေါ့ပါးပါးလေးပါပဲအကို
သိပ်ပြီးတော့ အလေးအနက်မထားပါနဲ့လေ
သတိရတတ်တဲ့အခါ ဖုန်းဆက်ပါ
အေးအေးဆေးဆေးစကားပြောချင်ရင်တော့ အပြင်မှာတွေ့မယ်လေ
ကျမကနားလည်မှုရှိပါတယ်
ငွေကိုကောင်တာမှာရှင်းခဲ့ပါ
ကျမနှုတ်ခမ်းနီကိုတော့ ပြန်လျော်ပေးရမယ်
နောင်လည်းမကြာမကြာလာပေါ့နော်
ကျမမျှော်နေပါ့မယ်။ ။
Monday, July 12, 2010
Subscribe to:
Post Comments (Atom)
3 comments:
good poem, it reflects the current situation
good poem, it reflects the current situation
good poem, it reflects the current situation
Post a Comment