နိုးတဝက်အိပ်စက်ခဲ့သော ညကာလများသည်
ပြန့်ကျဲနေသော သောက်လက်စစီးကရက်များနှင့်
သီချင်းတပုဒ်မှ အဆုံးမသတ်ခဲ့ပါ။
အသက်နှင့်ပျော်ရွှင်မှုသည် တစစနှင့်
ကျနော့်အတွက် ပြောင်းပြန်အချိုးကျလာတော့သည်။
လိုချင်၍ယူခဲ့မိသော်လည်း ဘဝက နောင်တတွေသာရခဲ့ပါသည်။
ဟာနေပါသည်။
အရေးပေါ်ထွက်ပေါက်အဖြစ်
လူ့ဘဝ၏တံခါးပေါက်ကို ခဏခဏခေါက်ချင်နေခဲ့မိသည်။
ခေါက်ချင်နေသည်။ ။
Sunday, May 23, 2010
Subscribe to:
Post Comments (Atom)
2 comments:
ပေါက် လဲ အိပ်မပျော်ဘူးတဲ။
မောင်ရေခဲဆီက နည်းကလေးတောင်းကြပါလား။
Post a Comment