အချစ်ကဗျာတပုဒ်လောက်ရေးမလားလို့
ခက်တာကအချစ်ကဗျာတွေမရေးချင်တော့တာ
အို...ငါ့ဝမ်းပူဆာမနေသာကွာ
ဒါနဲ့အချစ်အကြောင်းငါဘယ်လောက်သိလဲ???
ငါကချစ်တဲ့သူ???ငါ့ကိုချစ်တဲ့သူ???
ဘုရားဘုရား...ငါ့ရင်ဘတ်ထဲဘာမှမရှိပါလား
ငါဘာကိုရေးရမှာလဲ???
ငါဘာကိုမှမရေးရင်ပိုကောင်းမလား???
ငါ့နေရာကနေမင်းဝင်ရေးမလား???
မင်းဘယ်လိုမြင်လဲ???
မင်းမကြိုက်ရင်တော့မဖတ်နဲ့ကွာ ဟုတ်ပြီလား
ငါကတော့အချစ်ကဗျာလို့ခေါင်းစဉ်တပ်လိုက်ပြီ။ ။
Subscribe to:
Post Comments (Atom)
8 comments:
အချစ်ဆိုတာ
တဆစ်ဆစ်နာစေတဲ့
ရင်ဘတ်နာ
တကယ်ဆိုတော့အချစ်ဆိုတာ
အနှစ်မပါ အကာတွေချည်းလေ
ချစ်ပါ ချစ်ပါ တစစညည်းရင်း
အပြစ်ရှာချစ်ခြင်းတွေ ဖြစ်ဖြစ်စေတတ်တဲ့အရာ...
အချစ်ဆိုတာ
အားခွာ
သြော် အချစ်ဆိုတာ အားခွါတဲ့
နောက်တာပါလေ
တကယ်တော့ လူတယောက်ကိုချစ်မိတာ
ကိုယ့်ဘက်ကရှုံးတာပဲ
ကိုယ့်ရဲ့တော်တော်များများကို သူ့ကိုခွဲပေးလိုက်
ရတာ
Nice poem. By the way I like your blog layout.
ဟဟဟ
အားခွါ ကဗျာ
ကြိုက်သွားပီ။
မိုးဆိပ်မိသူများ
ဟဟဟ
အားခွါ ကဗျာ
ကြိုက်သွားပီ။
မိုးဆိပ်မိသူများ
အချစ်ရှိလား.
အားခွာမှာကော အချစ်ရှီလား. မထင်...
ဟုတ်လို့လား
Post a Comment