ကျမမှာ ခံစားချက်တွေရှိတယ်
ပျော်လို့တော့ ဘယ်ဟုတ်မလဲအကို
အရှက်နဲ့လူလုပ်မရတော့
နေ့စဉ်လူမှုဘ၀အတွက် ကျမရင်းနှီးလိုက်တာ
ဘာကိုလက်ညှိုးထိုးရမှာလဲ အကို
ရောင်းသူနဲ့ဝယ်သူ အသံတူဖို့ပဲလိုတယ်လေ
တခါတလေတော့လည်း အလှူပေါ့အကို
မရှိတဲ့သူဆီကမှ လိုချင်နေတဲ့သူကို
ရှိတဲ့ဟာလေးထိုးကျွေးလိုက်ရတာ
ကုသိုလ်ရကောင်းပါရဲ့
ဒီလိုပါပဲအကို
တချို့က မြေနိမ့်ရာလှံစိုက်တတ်ကြတယ်
တချို့က ခဏခဏခံတွင်းပျက်တတ်ကြတယ်
တချို့က...(အကိုပဲတွေးကြည့်တော့အကို)
မိုးရွာနေတုန်းလေး ရေခံရတယ်အကို
ရေဆေးလို့လည်း ဘ၀ကအပျိုမှပြန်မဖြစ်တာ
(ဘယ်လောက်ငိုချင်ချင်)
ကျမနောက်မှာပါးစပ်ပေါက်တွေရှိတယ်
ဒါတွေကိုရှင်နားမလည်ပါဘူး အကို
ဘယ်သူမှလည်း နားလည်မပေးကြပါဘူး
ကျမတို့အတွက်ကတော့
အမေပေးတဲ့လယ်တကွက်
ထမင်းမငတ်ဖို့ ရင်းတတ်နေပြီ
ရင်းတတ်ရမယ်လေအကို
ဒါဟာဘ၀ရပ်တည်ခြင်းတခု
ဒါဟာအမှန်တရားပါ အကို
ကျမမှာလည်း ခံစားချက်တွေရှိပါတယ်
ကျမမှာလည်း ခံစားချက်တွေရှိတယ်
ကျမမှာ ခံစားချက်တွေရှိတယ်။ ။
Sunday, May 2, 2010
Subscribe to:
Post Comments (Atom)
3 comments:
အင်တာသွားဗျူးလာတာလား။ မောင်သာရ။ စာအုပ်ဆိုင်ထောင်ပေးလိုက်ပါလား။
မကြိုက်ဘူး။
ကြိုက်ပါတယ်။
Post a Comment