ငါဟာ မှော်ဆရာ
ရင်နာစရာ ပုံပြင်တွေကိုမှ
အသက်သွင်းနေမိသူပါ
လာပါ...ကကြပါ
ဟော့ဒီမှာ ငါ့ဝိဥာဉ်နဲ့အတူ
ပျော်ပါ...ပါးပါ
လိုရာကို အသုံးချခဲ့ကြပါ
ဆန္ဒတွေ ပြည့်ဝသွားတော့မှ
ငါ့ကို ထားခဲ့ကြပါ
ရက်စက်ကြပါ
နောက်ကျောကိုထိုးမယ့် ဓါးအတွက်လည်း
ငါ့ဘက်က အရာရာပြင်ဆင်ပေးလျက်ပါ
ငါဆိုတဲ့ သီချင်းဟာ
ငါ့နှုတ်ခမ်းထက်က ကျိန်စာ
ငါဟာငါ့ကိုယ်ငါပဲ
ဒါဏ်ခတ်တတ်တဲ့ မှော်ဆရာ
ဟော့ဒီရင်ဘတ်ကြီးနဲ့ပဲ ခင်းကျင်းလိုက်တယ်
သင့်တော်သလို ခံစားကြလော့။ ။
Friday, April 23, 2010
Subscribe to:
Post Comments (Atom)
3 comments:
ဟွန့် နင်ကလဲအေ ကဗျာချည်းပဲ ရေးနေတာပဲ နာက မစပ်တတ်ပါဘူးချိုကာမှ ဟွင်းးး
ဘာမှလာမပြောနဲ့ မယ်သုန် ညည်းကို ကျုပ်က ဂေါက်စီလိုပဲ ခေါ်ချင်တယ် ဟင်းးး ဟင်းးး သိရဲ့လား
ငါပေးတဲ့ နံမည် ညည်းဂုဏ်ယူလိုက်စမ်းးးးးးဘာာာ အေအအအ
Post a Comment