ငါကရင်ဘတ်ထဲကဝေဒနာတွေကို
စကားလုံးအဖြစ်ပြောင်းလဲနေတဲ့ကောင်
ငါ့နှလုံးသားကထိရှလွယ်တယ်
ဒါပေမယ့်အသည်းမာတယ်
လိုအပ်မယ်ထင်ရင်လက်သီးပြင်တယ်
ငါ့မှာမှတ်တမ်းမှတ်ရာမရှိဘူး
အမာရွတ်တွေကိုမလွမ်းဆွေးတတ်ဘူး
ချော်လိုက်လဲလိုက်နဲ့ငါ့လမ်းငါလျှောက်တယ်
ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက် ကဗျာတွေရေးတယ်
ပြီးတော့ငါက ကံကြမ္မာကိုမယုံကြည်တဲ့ကောင်
လောကကြီးကိုမကျေမနပ်ဖြစ်ဖြစ်နေတဲ့ကောင်
ငါ့ရဲ့စိတ်ကသူပုန်စိတ်
ဘာကိုမှယုံကြည်ချက်မထားချင်ဘူး
မျှော်လင့်နေရတာကိုငြီးငွေ့နေပြီ
ကိုယ်လုပ်မှကိုယ်စားရတဲ့ဘ၀ထဲ
နည်းနည်းတော့လက်ကြောတင်းတယ်
ဒါပေမယ့်ငါကစိတ်ကူးယဉ်တတ်တယ်
အိပ်မက်မက်ရတာဝါသနာထုံတယ်
တကယ်တော့ ငါဟာဘာကောင်မှမဟုတ်ဘူး
ငါကရင်ဘတ်ထဲကဝေဒနာတွေကို
စကားလုံးအဖြစ်ပြောင်းလဲနေတဲ့ကောင်
ကမ္ဘာကြီးကိုချစ်တဲ့ သူပုန်
ငြိမ်းချမ်းရေးကိုတန်ဖိုးထားတယ်
ကလေးသူငယ်တွေရဲ့အနာဂါတ်ကိုလေးစားတယ်
Sunday, February 10, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment